Friday, December 23, 2011

ချစ်ခြင်းတူလို့ ပြန်ကြည်ဖြူမဲ့ အချက်လေးတချို့

ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်ကြည်ဖြူတာတော့ လူတိုင်းလိုချင်တဲ့အရာပေါ့နော် ... မဟုတ်ဘူးလား  .... အားလုံးအတွက် အဆင်ပြေစေမဲ့ နည်းလမ်းကောင်းလေးတချို့ကို တတ်သလောက်မှတ်သလောက်လေးပြန်ပြောပြချင်ပါသေးတယ် ....

နံပါတ်မှာတစ်က ... သူ တကယ် လိုအပ်တဲ့အချိန်မျိုးမှာ သူ့ကို အကူအညီပေးနိုင်မဲ့လူမျိုး ဖြစ်ပါစေတဲ့ ...
တကယ်တမ်း ပြန်စဉ်းစားကြည့်လို အကူအညီ တကယ်လိုအပ်ချိန်မှာရှောင်ထွက်သွားတတ်တဲ့ လူမျိုးဆိုရင် ... ကိုယ် ဘယ်လောက်ပဲ ခင်ခင် ချစ်ချစ် ... ဘယ်သူမှ ကြိုက်မှာမဟုတ်ဘူးလေ .... ကိုယ့် အပေါ်စစ်မှန်တဲ့လူတယောက် အဖြစ် သူသင့်ကိုမြင်သွားပြီဆိုရင် ... သင့်အတွက် တမှတ်ပေါ့နော် ...

နံပါတ်နှစ် ... ယုံကြည်ရတဲ့လူတယောက်ဖြစ်ပါစေ
ယုံကြည်မှုဟာ ချစ်သူတွေကြားမှာအရမ်းအရေးပါတဲ့ ဆက်သွယ်ချက်တခုပဲလေ ... ယုံကြည်လို့ရမဲ့လူတယောက်အဖြစ် သတ်မှတ်ခံရခြင်းဟာ ကောင်းချီးပေးခံရခြင်းတမျိုးပါပဲ ... ဒီလောကကြီးထဲမှာ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ယုံကြည်လို့ရမဲ့ လူတယောက်ဆိုတာ ရှားပါးလှပါတယ် ... အဲ့တော့ ရှားရှားပါးပါး ရတနာလေးလို အဖိုးတန်တဲ့လူကို ဘယ်သူက လက်လွတ်ခံချင်ပါ့မလဲ ....


နံပါတ်သုံး .... ဂရုစိုက်တတ်ပါစေ ...
ကိုယ်ချစ်တဲ့လူဆိုရင် .... ဆံဖျားလေးနှစ်ခွဖြစ်နေတာက အစ ခြေသန်းရဲ့ခြေသဲလေးပဲ့သွားတာအဆုံး သတိထားမိပါစေ ... ပြီးရင် ဂရုလဲစိုက်တတ်ပါစေ ... ပြောချင်တဲ့ သဘောကတော့ ... ငပိဆိုတာနဲ့ ဖုတ်ပြီးသား ... ဆံပင်လို့ပြောလိုက်တာနဲ့ ခေါင်းလျှော်ရေရော ပျော့ဆေးရော အသင့်ပါ (နဲ့နဲ့ပိုပြောလိုက်ပါတယ် နော်) ဆိုပြီးဖြစ်နေရမယ် ... မလွယ်တော့ မလွယ်ဘူးပေါ့ ... ဒါပေမဲ့ ချစ်ရင် ဒီ
လောက်တော့ သီးခံပေါ့


နံပါတ်လေး .... အပြောချိုပါစေ ...
တချို့လူတွေက စိတ်ထားကတော့ စစ်မှန်ပါရဲ့ ... ပြောပေါက်က စကောနဲ့ ခေါက်သလိုဖြစ်နေရင်လဲ ... အဆင်မပြေပြန်ပါဘူးလေ .... စကားဆိုတာ ချိုချိုပြောတတ်ရင် လိုချင်တာကို လိုချင်သလိုပြောင်းယူလို့ရတတ်တဲ့ အရာမျိုးပါတဲ့လေ ... အချို့လူတွေဆိုရင် အပြောချိုချိုလေးနဲ့ လုပ်စားသွားတာ ... အစစ်အမှန်လူတွေတောင်သူတို့လောက်နေရမရဘူး ... စကားချိုတယ်ဆိုတာ ... လိမ်ညာပြောခိုင်းတာမဟုတ်ဖူးနော် ...  နားထဲမှာ မကလောမဲ့ စကားမျိုး ပေါ့ ...


အိုကေ ... နောက်ဆုံးအချက် .... ဒီအချက်ကတော့ ... အရေးအကြီးဆုံးပါ .... ချစ်တတ်ပါ ...
ဟုတ်ပါတယ် .... တကယ်ချစ်သွားပြီဆိုတဲ့ အခါမှာ အထက်ပါအချက်တွေက အော်ရယ်ဂျင်နယ်ကို ပါလာမှာပါတဲ့ရှင်
ဟုတ်ပြီ နော် ... သူငယ်ချင်းတို့အားလုံးလဲ ချစ်တတ်ပါစေ ....

ကောင်းသောနေ့ပါ



စာကြွင်း။           ။ဒီဘလော့က စာတွေကို share လို့ရပါတယ်ရှင် ဒါပေမဲ့ yourlovecounselor.blogspot.com  ကလို့တော့ထဲ့ဖော်ပြပေးပါ...ကျေးဇူးတင်ပါတယ်ရှင်...

0 comments:

Post a Comment